• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ အာဆီယံ အစည်းအဝေးများ စင်ကာပူ၌ စတင် ကျင်းပ

(GMT+08:00) 2018-02-08 09:27:49

စင်ကာပူနိုင်ငံသည် ၂၀၁၈ ခုနှစ် အာဆီယံ၏ အလှည့်ကျ သဘာပတိ နိုင်ငံ ဖြစ်ပြီး ယခုနှစ် အာဆီယံ အစည်းအဝေးများကိုလည်း စင်ကာပူနိုင်ငံ၌ စတင် ကျင်းပနေပြီ ဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေး၊ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးနှင့် တရုတ်-အာဆီယံ ကာကွယ်ရေး ဝန်ကြီများ အလွတ်သဘော အစည်းအဝေးများကို စင်ကာပူ၌ ရှေ့ဆင့်နောက်ဆင့် ကျင်းပ ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုလ ၆ ရက်နေ့က ကျင်းပ ပြီးစီးခဲ့သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ ဆောင်ပုဒ်သည် ကြံ့ခိုင်ရေးနှင့် ဆန်းသစ်ရေး ဖြစ်ပြီး စင်ကာပူ နိုင်ငံသည် ယင်းအစည်းအဝေးတွင် ၂၀၁၈ ခုနှစ် အာဆီယံ အစည်းအဝေးများ၏ အမှတ် တံဆိပ်ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio