• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ကျေးလက်ဒေသ ကားလမ်း ကီလိုမီတာ ၄ သန်းခန့် ရှိပြီ

(GMT+08:00) 2018-02-08 09:16:45

    တရုတ် လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး လီရှောင်ဖုန်က၊ မျက်မှောက်ကာလ၌ တရုတ်ပြည် တစ်ပြည်လုံး ကျေးလက်ဒေသတွင် ကားလမ်းမှာ ကီလိုမီတာ ၃၉ သိန်း ၆ သောင်းကျော် ရှိပြီ ဖြစ်ပြီး ရွာ ၉၉ ရာခိုင်နှုန်းတွင် တတ္တရာလမ်း ဖောက်လုပ်ထားပြီ ဖြစ်ကြောင်း၊ အနာဂတ်တွင် လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနသည် ကျေးလက်ဒေသ ကားလမ်းများ၏ ထိန်းသိမ်း မွမ်းမံရေးနှင့် ပြေးဆွဲရေး နယ်ပယ်များတွင် ပြဿနာများကို ဖြေရှင်းပေးမည် ဖြစ်ကြောင်း ယခုလ ၇ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio