• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ပထမဆုံး နျူကလီးယား လုံခြုံရေးဥပဒေ စတင် အာဏာတည်

(GMT+08:00) 2018-02-08 09:12:47

တရုတ် နျူကလီးယား လုံခြုံရေးဥပဒေကို ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင် အာဏာတည်ခဲ့ပြီ ဖြစ်ကြောင်း၊ နျူကလီးယားစွမ်းအင်ကို လုံခြုံစွာ အသုံးပြုနိုင်ရန်နှင့် နျူကလီးယား အဆောက်အအုံနှင့် နျူကလီးယား ကုန်ကြမ်းပစ္စည်း လုံခြုံမှုကို အာမခံ ပေးနိုင်ရန်အတွက် ယင်းဥပဒေတွင် နျူကလီးယား လုံခြုံမှု စံချိန်စံနှုန်းများကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားကြောင်း သတင်းရရှိပါသည်။

တရုတ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အရာရှိက၊ နျူကလီးယား ဥပဒေ ကျင့်သုံးခြင်းသည် နျူကလီးယားလုပ်ငန်း ဆက်တိုက် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး၊ အများပြည်သူ့ အကျိုးစီးပွါး ထိန်းသိမ်းကာကွယ်ရေး၊ Belt and Road လုပ်ငန်းကို တွန်းအားပေးရေးနှင့် နိုင်ငံခြား၌ နျူကလီးယား လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း ရင်းနှီးမြှုပ်နှံရေး စသည့်လုပ်ငန်းများကို အာမခံ ပေးနိုင်မည် ဖြစ်ကြောင်း ယခုလ ၇ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio