• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယ ကမ္ဘာစစ်ပွဲကြီးတွင် ဂျူးလူမျိုးများ အကူအညီပေးခဲ့သော နိုင်ငံခြား သံတမန်အရာရှိများအား အစ္စရေး အလေးပြု

(GMT+08:00) 2018-02-07 10:55:51

        ယခုလ ၅ ရက်နေ့က အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနအခမ်းအနား ကျင်းပပြီး ဒုတယ ကမ္ဘာစစ်ပွဲကြီးအတောအတွင်း သတ်ဖြတ်မှုကြီးတွင် ဂျူးလူမျိုးများကို အကူအညီပေးခဲ့သော နိုင်ငံအသီးသီးမှ သံတမန်အရာရှိများအား အလေးပြုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ဒုတိယ ကမ္ဘာစစ်ပွဲကြီးတွင် ဂျူးလူမျိုး ၆ သန်းခန့်တို့သည် နာဇီများ၏ သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း၊ နိုင်ငံအချို့မှ သံတမန်အရာရှိများသည် ဗီဇာထုတ်ပေးခြင်းနှင့် အခြားနည်းလမ်းများဖြင့် ဂျူးလူမျိုးများကို အကူအညီပေးခဲ့ကြောင်း သိရပါသည်။

        အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမှတ်တရနံရံကို ထားရှိပြီး ဆွီဒင်၊ ဆွစ်ဇာလန်၊ စပိန်၊ တရုတ်၊ ဗြိတိန်စသည့် နိုင်ငံ ၂၁ နိုင်ငံမှ သံတမန် အရာရှိ ၃၆ ဦး၏ အမည်၊ နိုင်ငံ၊ ရာထူး၊ သံရုံးတည်ရှိရာနေရာစသည့်အကြောင်းအရာကို ထုထွင်းထားသည်။ အစ္စရေး ဝန်ကြီးချုပ် နေတာညာဟူးက အစ္စရေး ပြည်သူပြည်သားများသည် ယင်း သံတမန်အရာရှိများကို အမြဲထာဝစဉ် မှတ်ထားမည်ဟု ပြောကြားသည်။

        တရုတ်ပြည်မှ သံတမန်အရာရှိ ဟိုဖိန်ရှန်သည်လည်း ယင်းနံရံပေါ်ထုထွင်းထားသော အမည်ထဲတွင် ပါဝင်ပါသည်။ ၁၉၃၈ခုနှစ်မှ ၁၉၄၀ ပြည့်နှစ် အတောအတွင်း သြစတြီးယားနိုင်ငံဆိုင်ရာ တရုတ် ကောင်စစ်ဝန်ချုပ် ဟိုဖိန်ရှန်သည် ထောင်နှင့်ချီသော ဂျူးလူမျိုးများအား ဗီဇာထုတ်ပေးခြင်းဖြင့် အကူအညီပေးခဲ့ခြင်းကြောင်း ၄င်းအား တရုတ်ပြည်မှ ရှင်တလယ်ဟု ကုလသမဂက ချီးကျူးခဲ့သည်။

(ဘာသာပြန်-အေးသန္တာဆွေ)

   Webradio