• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံသားတစ်ဦး ပါကစ္စတန်၌ ပစ်သတ်ခံရမှုအကြောင်း ကင်စွမ် ပြောဆို

(GMT+08:00) 2018-02-07 09:19:20

တရုတ် နိုင်ငံသား တစ်ဦးသည် ယခုလ ၅ ရက်နေ့က ပါကစ္စတန်နိုင်ငံ၌ သေနတ် ပစ်ခတ်မှု ခံခဲ့ရသဖြင့် သေဆုံးခဲ့ကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်သည် အထက်ပါ တရုတ်နိုင်ငံသားကို ရည်စူးသော တဖက်စွန်းရောက် အကြမ်းဖက် လုပ်ဆောင်မှုကို ယခုလ ၆ ရက်နေ့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုလ ၅ ရက်နေ့က တရုတ် နိုင်ငံသား တစ်ဦးသည် ကာရာချီမြို့၌ သေနတ် ပစ်ခတ်မှု ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio