• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရီတယ်နိုသည် တရုတ်နိုင်ငံတွင် ခရီးလှည့်လည်မည်

(GMT+08:00) 2018-02-06 16:00:21

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင်ရှိသူကင်ရွှမ်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရီတယ်နိုသည် ယခုလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ ယင်းအတွင်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့သည် တရုတ်-အင်ဒိုနီးရှားအစိုးရချင်း နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မတီ တတိယ အကြိမ်အစည်းအဝေးကို ပူးတွဲဦးစီးကျင်းပမည်ဖြစ်ကြောင်း၊ နှစ်ဘက်တို့သည် တရုတ်-အင်ဒိုနီးရှားဆက်ဆံရေး၊ တရုတ်-အာဆီယံဆက်ဆံရေးနှင့်အတူဂရုစိုက်ကြသောနိုင်ငံတကာနှင့်ဒေသရေးရာများနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ကြမည်ဖြစ်ကြောင်း ယမန်နေ့ကကြေညာ ခဲ့သည်ဟု ဆင်ဟွာသတင်းဌာနနှင့်တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

   Webradio