• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ နျူကလီးယား အခြေအနေ စိစစ်ရေးအစီရင်ခံစာသည် ခေတ်ရေစီးကြောင်းကို ကျောခိုင်းဖေါက်ဖျက်သည်ဟု တရုတ် ဆို

(GMT+08:00) 2018-02-06 09:36:35

မကြာမီက အမေရိကန်နိုင်ငံ ထုတ်ပြန်သော နျူကလီးယား အခြေအနေ စိစစ်ရေး အစီရင်ခံစာနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ယင်းအစီရင်ခံစာသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ခေတ် ရေစီးကြောင်းကို ကျောခိုင်းဖေါက်ဖျက်သည်ဟု ယခုလ ၅ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ကင်စွမ်က၊ တရုတ်နိုင်ငံသည် မည်သည့်အသွင်ပုံစံ မဆို ဖြစ်သည့် နျူကလီးယား လက်နက် ယှဉ်ပြိုင်မှုတွင် မည်သည့်အချိန်က မဆို ပါဝင်ခြင်း မရှိသလို နောင်တွင်လည်း ပါဝင်မည် မဟုတ်ကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio