• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကင်ယုံနန်သည် ကိုယ်စားလှယ်အဖွဲ့ ဦးဆောင်ပြီး တောင်ကိုးရီးယားသို့ ခရီးလှည့်လည်မည်

(GMT+08:00) 2018-02-06 09:33:26

မြောက်ကိုးရီးယား အမြင့်ဆုံး ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကင်ယုံနန်သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ပျုံချန်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲ အတောအတွင်း တောင်ကိုးရီးယားသို့ ခရီးလှည့်လည်မည်ဟု မြောက်ကိုးရီးယား သတင်းဌာနက ယခုလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း၊ တောင်ကိုးရီးယား သမ္မတက ကြိုဆိုကြောင်း ဖေါ်ပြသည့်အပြင် ယင်းသည် မြောက်ကိုးရီးယား၏ နှစ်ဖက် ဆက်ဆံမှု ကောင်းမွန်လာအောင် ဆောင်ရွက်ရန် သန္နိဌာန်ကို ပြသနေသည်ဟုလည်း ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ တောင်မြောက်ကိုးရီးယားတို့၏ ပျုံချမ်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို ဝိုင်းဝန်းပြီး ပြုလုပ်သော ပူးပေါင်းဆောင်ရွက်မှုသည် ကိုးရီးယားကျွန်းဆွယ် ပြဿနာကို တိုင်ပင်ဆွေးနွေးသောနည်းလမ်းဖြင့် ဖြေရှင်းရန် အတွက် တန်ဖိုးထားသင့်သော အခွင့်အလမ်း ပြတင်းပေါင်း တစ်ချပ်ကို ဖွင့်ပေး ထားကြောင်း သုံးသပ်ကြပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio