• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၂၀ပြည့်နှစ်တွင် တရုတ် နိုင်ငံတော်အဆင့် လယ်ယာစိုက်ပျိုးရေးသိပ္ပံနည်းပညာဇုန် ၃၀၀ရှိမည်

(GMT+08:00) 2018-02-05 16:23:11

မကြာမီက တရုတ်ပြည်သိပ္ပံနည်းပညာဝန်ကြီးဌါန၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌါန၊ ဆည်မြောင်းတာတမံဝန်ကြီးဌါန၊ နိုင်ငံတော်သစ်တောလုပ်ငန်းဦးစီးဌါန၊ တရုတ်သိပ္ပံပညာ တံခွန်အသင်းကြီးနှင့် တရုတ်လယ်ယာစိုက်ပျိုးရေးဘဏ်တို့သည် တရုတ် လယ်ယာစိုက်ပျိုးရေး သိပ္ပံနည်းပညာဇုန်များ ဆန်းသစ်တီထွင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်လယ်ယာစိုက်ပျိုးရေးသိပ္ပံနည်းပညာဇုန် ဖွံ့ဖြိုးရေး စီမံကိန်း၂၀၁၈-၂၀၂၀ ကို  ပူးတွဲရေးဆွဲချမှတ်ခဲ့ကြောင်း စီးပွားရေးကိုးကားသတင်းစာမှ သတင်းစာ၏သတင်းအရ သိရပါသည်။

ယင်းစီမံကိန်းအရ ၂၀၂၀ပြည့်နှစ်တွင် တရုတ်ပြည်တွင် နိုင်ငံတော်အဆင့် လယ်ယာစိုက်ပျိုးရေးသိပ္ပံနည်းပညာဇုန်၃၀၀ကို တည်ဆောက်မည်ဖြစ်ပြီး ပြည်နယ်အဆင့် လယ်ယာစိုက်ပျိုးရေးသိပ္ပံနည်းပညာဇုန် အခုစုစုပေါင်း ၃၀၀၀ရှိ မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

   Webradio