• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် နျူကလီးယား အခြေအနေ အကဲဖြတ် အစီရင်ခံစာသစ်ကို ထုတ်ပြန်

(GMT+08:00) 2018-02-05 15:35:02

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနသည် ယခုလ ၂ရက်နေ့က နျူကလီးယား အခြေအနေ အကဲဖြတ် အစီရင်ခံစာသစ်ကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းအစီရင်ခံစာတွင် အမေရိကန် အစိုးရသည် နျူကလီးယား လက်နက် တီထွင် ထုတ်လုပ်မှု အတွက် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ပြီး နျူကလီးယား လက်နက်သစ်များကို သုတေသန ဖော်ထုတ်ကာ နျူကလီးယား ခြိမ်းခြောက်နိုင်စွမ်းကို တိုးမြှင့်ရန် မျှော်လင့် ကြောင်းဖော်ပြထားသည်။

ယင်းသည် ၂၀၁၀ပြည့်နှစ်က အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အနေနှင့် သက်ဆိုင်ရာ အကဲဖြတ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည့် နောက်ပိုင်းတွင် အမေရိကန်၏ နျူကလီးယား မဟာဗျူဟာကို နောက်ထပ် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ ယခု အကြိမ် နျူကလီးယား အခြေအနေ အကဲဖြတ် အစီရင်ခံစာသည် လွန်ခဲ့သည့် အကြိမ် အစီရင်ခံစာနှင့် သိသာထင်ရှားစွာ မတူခြားနားပြီး နျူကလီးယား လက်နက် တပ်ဆင်ရေး လျှော့ပေါ့ခြင်း၊ နိုင်ငံတော် လုံခြုံရေး မဟာဗျူဟာတွင် နျူကလီးယား လက်နက်၏ အရေးကြီးပုံအား လျော့နည်းစေခြင်း၊ နျူကလီးယား လက်နက်သစ် ဖော်ထုတ်ရေး မပြုတော့ခြင်းနှင့်  နျူကလီးယား စမ်းသပ်မှု ရပ်စဲရေး စသည့် ယခင်က အမေရိကန် အစိုးရ၏ သဘောထား ဖော်ပြချက်ကို ပြောင်းလဲစေခဲ့ကြောင်း သိရသည်။

အကဲခတ် ပုဂ္ဂိုလ်များက အမေရိကန်မှ ယခုအကြိမ် နျူကလီးယား မဟာဗျူဟာ ထိန်းညှိခြင်းသည် တာဝန်သိမှု မရှိကြောင်း၊ ၄င်းမဟာဗျူဟာကို လက်တွေ့ဖော်ဆောင်လျှင် နျူကလီးယား အချင်းပွားမှု ဖြစ်နိုင်ဖွယ်ရာ ပိုများကြောင်း၊ နျူကလီးယား လက်နက် အလွန်များပြားစွာ ပိုင်ဆိုင်ထားသော နိုင်ငံ တစ်နိုင်ငံ အနေနှင့် အမေရိကန်သည် နျူကလီးယား လက်နက် လျှော့ပေါ့ရေး အပေါ် ထူးခြားပြီး ဦးဆောင်မှုရှိသော တာဝန် ရှိကာ နျူကလီးယား လက်နက်ကို ဘက်စုံ အပြီးအပြတ် လျှော့ပေါ့ရေး အကောင်အထည်ဖော်ရန် အခြေအနေ ဖန်တီးပေးသင့်ကြောင်း ယူဆကြသည်။

   Webradio