• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗြိတိန်သည် ထိုင်းနိုင်ငံဆိုင်ရာ သံရုံး၏ အဆောက်အအုံကို ရောင်းချ

(GMT+08:00) 2018-02-05 15:34:23

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗြိတိန်ပေါင် သန်းပေါင်း ၄၂၀ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ဗြိတိန် သံရုံး၏ အဆောက်အအုံကို ရောင်းချခဲ့သည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့ကြောင်း၊ ၄င်းရောင်းဝယ်မှု ပမာဏသည် ထိုင်းနိုင်ငံ၏ အိမ်ရာနဲ့ မြေရာ ရောင်းဝယ်မှု သမိုင်းကြောင်းတွင် စံချိန်သစ် တင်ခဲ့ကြောင်း ဗြိတိန်နှင့် ထိုင်းနိုင်ငံ မီဒီယာများမှ သတင်းထုတ်ပြန်ချက်များကို ကိုးကား၍ စီအာအိုင်က ရေးသားဖော်ပြသည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်းစွန်က သံရုံးအဆောက်အအုံ ရောင်းချ ခဲ့သည့် အဓိက အကြောင်းရင်းမှာ ၄င်းသံရုံး အဆောက်အအုံ နှစ်ပေါင်း တစ်ရာခန့်ကြာ၍ အဆောက်အအုံ အတွင်းက ပျက်စီးဖွယ်ရာ များစွာ ရှိပြီး သံရုံးလုပ်ငန်းများကို အဆင်မပြေစေခဲ့သည့် အတွက်ကြောင့် ဖြစ်ကြောင်း ပြောကြားသည်။ လာမည့် ၂၀၁၉ခုနှစ်တွင် ဗြိတိန်သံရုံးသည်  ဘန်ကောက်မြို့ ရှာတွန်လမ်းရှိ AIAအဆေက်အအုံ၌ ရွှေ့ပြောင်းမည် ဖြစ်ကြောင်း သိရသည်။

   Webradio