• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိယရေနံတင်သင်္ဘောတစ်စင်း ပျောက်ဆုံး

(GMT+08:00) 2018-02-05 11:00:06

   အိန္ဒိယသင်္ဘောသား ၂၂ ဦးသယ်ဆောင်ထားသော ရေနံတင်သင်္ဘောတစ်စင်းသည် အနောက်အာဖရိကနိုင်ငံ ဘီနင် ပင်လယ်ကမ်းရိုးတန်းအပြင်ရှိ ဂီနီပင်လယ်ကွေ့၌ ပျောက်ဆုံးသွားကြောင်း ယမန်နေ့ ၄ ရက်နေ့က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားသည်ဟုဆင်ဟွာသတင်းအရသိရသည်။

ယင်းကုန်သွယ်ရေးသင်္ဘောကို မွန်ဘိုင်းရှိ သင်္ဘောသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း၊ အိန္ဒိယသည် ဘီနင်၊ နိုင်ဂျီးရီးယားတို့အား ပျောက်ဆုံးသွားသော ရေနံတင်သင်္ဘောကို ရှာဖွေပေးရန် တောင်းထားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

   Webradio