• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ စက်မှု အင်တာနက် ထိပ်သီးအစည်းအဝေး ကျင်းပ

(GMT+08:00) 2018-02-05 09:30:04

၂၀၁၈ ခုနှစ် စက်မှု အင်တာနက် ထိပ်သီး အစည်းအဝေးကို ယခုလ ၂ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် "ဆန်းသစ်တီထွင်ရေးကို ရှေးရှုသော ကဏ္ဍစုံ ဖွံ့ဖြိုးမှု" ဖြစ်ကြောင်း၊ တရုတ် လုပ်ငန်း ကုမ္ပဏီ အချို့၏ ရှေ့ပြေး အကျဆုံးသော သတင်းအချက်အလက် နည်းပညာကို အသုံး ပြုပြီး ဆန်းသစ် သီးသန့် ဝန်ဆောင်မှု လုပ်ငန်းစဉ်များသည် အများတကာ၏ အာရုံ စူးစိုက်မှု ဖြစ်လာနေကြောင်း၊ တရုတ် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနက၊ ယခုနှစ်တွင် တရုတ်နိုင်ငံသည် စက်မှု အင်တာနက် ဆန်းသစ် ဖွံ့ဖြိုးရေး မဟာဗျူဟာကို နက်ရှိင်းစွာ အကောင်အထည် ဖေါ်ဆောင်မည်ဟု ဖေါ်ပြထားကြောင်း သတင်းရရှိပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio