• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အနောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးကို တွန်းအားပေးရန် လျူယန်တုံး မှာကြား

(GMT+08:00) 2018-02-04 09:21:52
တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် လျူယန်တုံးက မကြာမီက ချုံချင့်မြို့၌ လုပ်ငန်းများ လေ့လာကြည့်ရှုရာတွင်၊ ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်နှင့် ပါတီ ၁၉ ကြိမ်မြောက် ညီလာခံ၏ ရည်မှန်းချက် အကြောင်းအရာများကို နက်ရှိုင်းစွာ လေ့လာ ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ ဆိုရှယ်လစ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေး ပိုမို လျင်မြန်စွာ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အနောက်ပိုင်း ဒေသ ဖွံ့ဖြိုးရေး အခြေအနေသစ် ဖြစ်တည်လာအောင် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။ (ဘာသာပြန် မေကြော့ရှင်း)
   Webradio