• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဗြိတိန် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2018-02-02 09:32:36

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁ ရက်နေ့က ပီကင်း၌ ခရီး လှည့်လည်နေသော ဗြိတိန် ဝန်ကြီးချုပ် ထရေစာ မေနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် ဗြိတိန်နှင့် လက်တွဲပြီး နှစ်နိုင်ငံ ဆက်ဆံမှု ခေတ်သစ်၌ မှန်မှန် တိုးတက်လာအောင် တွန်းအားပေးလိုပါကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် ထရေစာ မေ ကလည်း၊ ဗြိတိန်-တရုတ် နှစ်နိုင်ငံ၏ ၂၁ ရာစု တစ်ကမ္ဘာလုံးကို မျက်နှာမူထားသည့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု တိုးတက်ရေးကို တဆင့်တိုး တွန်းအားပေးလိုပါကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio