• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ရိုးရာနှစ်သစ်ကူးပွဲတော် ကျရောက်လာသည်နှင့်အမျှ ဌာနေပြန်သူများ အတွက် ပို့ဆောင်ရေး လုပ်ငန်း ၁ရက်နေ့ စတင်

(GMT+08:00) 2018-02-01 14:03:02

တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော တရုတ် ရိုးရာနှစ်သစ်ကူးပွဲတော် ကျရောက် လာသည်နှင့်အမျှ ဌာနေပြန်သူများ အတွက် ပို့ဆောင်ရေး လုပ်ငန်းကို ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့က စတင် ဆောင်ရွက်နေကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုနှစ် ပို့ဆောင်ရေး လုပ်ငန်းကို ဖေဖော်ဝါရီလ ၁ရက်နေ့မှ မတ်လ ၁၂ရက်နေ့အထိ ဆောင်ရွက်ပြီး ရက်ပေါင်း ၄၀ရှိမည် ဖြစ်ကြောင်း၊ ယင်းရက်ပေါင်း ၄၀အတွင်း တစ်ပြည်လုံးတွင် ပို့ဆောင်မည့် ခရီးသည် စုစုပေါင်း ဦးရေမှာ ၂့၉၈ဘီလီယံ ရှိပြီး ယမန်နှစ်နှင့် ညီမျှမည်၊ ရထားနှင့် လေကြောင်းဖြင့် သွားလာမည့် ခရီးသည် ဦးရေသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၈့၈ရာခိုင်နှုန်းနှင့် ၁၀ရာခိုင်နှုန်း အသီးသီး တိုးလာမည်၊ မော်တော်ကားဖြင့် သွားလာမည့် ခရီးသည် ဦးရေ မှာတော့ ပထမဆုံး အကြိမ် လျော့နည်းသွားပြီး ၁့၆ရာခိုင်နှုန်း ကျဆင်းမည်၊ သို့သော် ကားလမ်း ခရီးသည် သယ်ယူပို့ဆောင်မှု ပမာဏမှာ ၂့၄၈ဘီလီယံရှိပြီး သယ်ယူပို့ဆောင်မှု စုစုပေါင်း ပမာဏ၏ ရာခိုင်နှုန်း ၈၀ကျော် ရှိမည်ဟု သက်ဆိုင်ရာ လုပ်ငန်းဌာနက ခန့်မှန်းရကြောင်း သိရသည်။

ဇန်နဝါရီလ ၃၁ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ သက်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ သက်ဆိုင်ရာ လုပ်ငန်းဌာနများသည် ပို့ဆောင်ရေး လုပ်ငန်းများ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio