• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခရီးသွားလုပ်ငန်းကို အရည်အသွေးကောင်းမွန်စွာ အားဖြည့်ဖွံ့ဖြိုးရမည်ဟု ဝမ်းယန် အလေးထားပြောကြား

(GMT+08:00) 2018-02-01 13:41:18

      တရုတ်နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ် ဝမ်းယန်သည်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က ပီကင်းတွင် နိုင်ငံတော်ကောင်စီ ခရီးသွားလုပ်ငန်းဌာနများအကြား ပူးတွဲအစည်းအဝေး   ၅ ကြိမ် မြောက်မျက်နှာစုံညီ အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ရာ၊ ခရီးသွားလုပ်ငန်း အရည်အသွေးတိုးမြှင့်ခြင်း၊ ပြောင်းလဲခြင်းနှင့် အဆင့်တိုးမြှင့်ခြင်းတို့ကို အင်တိုက် အားတိုက် တွန်းအားပေးပြီး၊ အရည် အသွေးကောင်းမွန်သော ဖွံ့ဖြိုးရေးကို အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်း အရ သိရသည်။

ဆက်လက်၍ ဝမ်းယန်က တရုတ်ခရီးသွားလုပ်ငန်းသည်၊ ဖွံ့ဖြိုးရေး ရွှေကာလတွင် တည်ရှိနေသော်လည်း ဖွံ့ဖြိုးရေးမညီမျှမှုနှင့် မပြည့်စုံမှု အခြေအနေလည်း ထင်ရှားနေသေး ကြောင်း အလေးထားပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio