• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များအား အခမဲ့ကြည့်ရှုရေး ပေါ်လစီကို ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ကျင်သုံးမည်

(GMT+08:00) 2018-02-01 13:33:32

တရုတ်နိုင်ငံရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသမှ ဇန်နဝါရီလ ၃၁ရက်နေ့က ထုတ်ပြန့်သည့်သတင်းအရ အနာဂတ် ၃လတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် Potalaနန်းတော်နှင့် Jokhangဘုရားကျောင်း အပါအဝင် Aအဆင့်ဖြစ်သည့် ခရီးသွားနေရာ ၁၁၅ခုကို အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ ၎င်းသည် ယခင်ကမရှိသည့် အကျိုးထူးရရှိစေခြင်းပေါ်လစီဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဖေဖော်ဝါရီလ ၁ရက်နေ့မှ ဧပြီလ ၃၀ရက်နေ့အထိ ရှီးဇန့့််ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသသို့ လာရောက်လည်ပတ်မည့် ခရီးသွားများသည် ခရီးသွားရာနေရာ၊ ကြယ်ပွင့်ဟိုတယ်၊ ခရီးသွားကား၊ လေယာဉ်၊ မီးရထားနှင့် ခရီးသွားများအဖွဲ့ စသည့် ဘက်များတွင် အကျိုးထူးရရှိမည်ဖြစ်ကြောင်း သိရပါသည်။

   Webradio