• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှ-ပစိဖိတ်ဒေသ အပြန်အလှန် ဆက်သွယ်ရေးနှင့် Belt and Road တည်ဆောက်ရေးကို တိုးမြှင့်ရန်လိုဟု တရုတ်ဆို

(GMT+08:00) 2018-02-01 12:56:54

        ပထမအကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ မြို့ပြလေကြောင်းရေးရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ဇန်နဝါရီလ ၃၁ ရက်နေ့က ပီကင်းမြို့ကျင်းပခဲ့ရာ တရုတ် နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် မာခိုင်သည် ယင်းအစည်းအဝေးသို့ တက်ရောက်ပြီး မိန်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့မိန့်ခွန်းပြောကြားရာတွင် မာခိုင်က ဥက္ကဋ္ဌရှီကျင့်ဖိန် တင်ပြခဲ့သော Belt and Road အဆိုပြုချက်ကို ပိုးလမ်းမကြီး တစ်လျှောက်လုံးရှိ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာမိသားစုကြီးတို့သည် လှိုက်လှဲစွာ တုံ့ပြန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြကြောင်း၊ ယင်းသည် အာရှ-ပစိဖိတ်ဒေသနိုင်ငံများအကြားရော၊ ကမ္ဘာပေါ်က နိုင်ငံအသီးသီးတို့အကြားပါ အပြန်အလှန် ဆက်သွယ်မှုအတွက် ကြီးမားသော အခွင့်ကောင်းများကို ဖန်တီးပေးနေကြောင်း၊ တရုတ်ပြည်သည် ပိုးလမ်းမကြီး တစ်လျှောက်လုံးရှိ နိုင်ငံများနှင့်အတူ ပေါ်လစီချမှတ်ရေး၊ အခြေခံ အဆောက်အအုံ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူသဘောထားစသည့်နယ်ပယ်များတွင် ဆက်နွှယ်ကာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်းသစ် တည်ဆောက်ရန်လိုကြောင်း ပြောကြားသည်။

   Webradio