• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယား ပြည်လုံးဆိုင်ရာ ဆွေးနွေးပွဲ ရုရှား၌ ဖွင့်လှစ်

(GMT+08:00) 2018-01-31 09:39:42

ယခုလ ၃၀ ရက်နေ့က ကျင်းပခဲ့သော ၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ၃၂ ကြိမ်မြောက် အစည်းအဝေးတွင်၊ ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေးကို မတ်လ ၅ ရက်နေ့တွင် ပီကင်း၌ ကျင်းပမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။(ဘာသာပြန် မေကြော့ရှင်း)

 

ဆီးရီးယား ပြည်လုံးဆိုင်ရာ ဆွေးနွေးပွဲ ရုရှား၌ ဖွင့်လှစ်

ရုရှား၊ တူရကီနှင့် အီရန်တို့၏ လှုံ့ဆော် ကမ်းလှမ်းချက်ဖြင့် ကျင်းပသော ဆီးရီးယား ပြည်လုံးဆိုင်ရာ ဆွေးနွေးပွဲကို ယခုလ ၃၀ ရက်နေ့က ရုရှား နိုင်ငံ တောင်ပိုင်းဒေသရှိ ဆိုချီမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုအကြိမ် ဆွေးနွေးပွဲတွင် ဆီးရီးယား နိုင်ငံတော် အခြေခံ ဥပဒေသစ် ချမှတ်ရေး၊ သမ္မတ ရွေးကောက်ပွဲနှင့် စစ်ပြီးကာလ ပြန်လည် ထူထောင်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း၊ ယင်းသည် ယခုအချိန် အထိ ဂိုဏ်းအဖွဲ့ အများဆုံး ပါဝင်သော ဆီးရီးယား ပြည်လုံးဆိုင်ရာ အစည်းအဝေး ဖြစ်ကြောင်း တရုတ် ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ ရုရှားနိုင်ငံသည် ယခုအကြိမ် အစည်းအဝေးမှတဆင့် ဆီးရီးယား အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ တွန်းအားပေးရန်နှင့် အရှေ့အလယ်ပိုင်းဒေသ၌ ရုရှား၏ သံတမန် သြဇာညောင်းမှုကို ဆက်တိုက် တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း၊ သို့သော် ဆီးရီးယား ပြည်တွင်း၌ ပဋိပက္ခများ ရှုပ်ထွေးပွေလီ ဖြစ်နေသဖြင့် ယခုအကြိမ် အစည်းအဝေးတွင် တိုးတက်မှုများ ရရှိနိုင်ခြေ များမည် မဟုတ်ဟု ယူဆကြကြောင်း သတင်းရရှိပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio