• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် လယ်ယာစိုက်ပျိုးရေး အဆင့်မြင့်နည်းပညာ စံပြဇုန်များ ထူထောင်ရေးကို တွန်းအားပေးမည်

(GMT+08:00) 2018-01-30 13:27:36

တရုတ်အစိုးရသည် မကြာမီက စာတမ်း ထုတ်ပြန်ပြီး လယ်ယာ စိုက်ပျိုးရေး အဆင့်မြင့် နည်းပညာ စံပြဇုန်များ ထူထောင်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယင်းစာတမ်းတွင်၊ တရုတ်နိုင်ငံသည် သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်မှုကို အားကိုးပြီး တရုတ်ပြည် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုအပေါ် အကန့်အသတ် ဖြစ်နေသော ပြဿနာများကို အစွမ်းကုန် ဖြေရှင်းပေးရမည် ဖြစ်ကြောင်း၊ ပြန့်ပွါးနိုင်သော လယ်ယာ စိုက်ပျိုးရေး အသွင်ပုံစံများ ဖြစ်တည်လာအောင် ဆောင်ရွက်ပြီး လယ်ယာ စိုက်ပျိုးရေး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှု အရည်အချင်းကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ရောက်သည့်အခါ နိုင်ငံတော်အဆင့် လယ်ယာစိုက်ပျိုးရေး အဆင့်မြင့် နည်းပညာ စံပြဇုန် တစ်သုတ်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio