• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးသည် တရုတ်ပြည်တွင် ခရီးလှည့်လည်မည်

(GMT+08:00) 2018-01-27 12:04:34

    တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယင်က ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တာရို ကိုနိုသည် ယခုလ ၂၇ရက်နေ့မှ ၂၈ရက်နေ့အထိ တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ယင်းသည် တာရို ကိုနိုက နိုင်ငံခြားရေး ဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် ပထမဆုံး အကြိမ် တရုတ် ခရီးစဉ် ဖြစ်ကြောင်း၊ ၄င်းသည် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံဆွေးနွေးပြီး တရုတ်-ဂျပန် ဆက်ဆံမှုနှင့် အခြား အတူ အာရုံစိုက်ကြသော ပြဿနာနှင့် အရေးကိစ္စများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ကြမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် တရုတ်-ဂျပန် ဆက်ဆံမှု ဆက်တိုက် ကောင်းမွန်တိုးတက်မှုကို တွန်းအားပေးရန် တရုတ်ပြည်က မျှော်လင့်ကြောင်း ယခုလ ၂၆ရက်နေ့က ပီကင်းတွင် ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

   Webradio