• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကုမ္ပဏီသည် မလေးရှားဂြိုဟ်တုကုမ္ပဏီနှင့်အတူ ဂြိုဟ်တုမြေပြင်စခန်းကို ပူးပေါင်းတည်ဆောင်မည်

(GMT+08:00) 2018-01-26 16:48:19

တရုတ်ပြည်ကွမ်တုံးပြည်နယ်ဂျုံဆန်တာဟွာအင်တက်လစ်ဂျင်သိပ္ပံနည်းပညာ ကုမ္ပဏီသည် ယခုလ၂၅ရက်နေ့က ကွာလာလမ်ပူမြို့၌ မလေးရှားနိုင်ငံ ASNဂြိုဟ်တုကုမ္ပဏီလီမီတက်နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၈ဖင့်ASNဂြိုဟ်တုကုမ္ပဏီ၏ အစုရှယ်ယာ၄၉ရာခိုင်နှုန်းကို ဝယ်ယူကြောင်း ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

အဆိုပါစာချုပ်အရ နှစ်ဦးနှစ်ဖက်တို့သည် မလေးရှားနိုင်ငံတွင် ဂြိုဟ်တုမြေပြင်စခန်းကို တည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အရှေ့တောင်အာရှမှ သုံးစွဲသူများအတွက် အင်တာနက်နှင့် ဆက်သွယ်ရေးသုံးစွဲသူများအတွက် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio