• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျောက်လေ့ဂကျိသည် ဗီယက်နမ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

(GMT+08:00) 2018-01-26 14:37:13

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့အမြဲတမ်းကော်မတီဝင်၊ ဗဟိုစည်းမျဉ်စည်းကမ်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူးကျောက်လေ့ကျိသည် ယခုလ ၂၅ ရက်နေ့က ပီကင်း၌ ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေး ဦးဆောင်အဖွဲ့ကော်မတီဝင်၊ ဗဟိုကေဒါခေါင်းဆောင်ရေးရာဝန်ကြီးဌာနဝန်ကြီး ဖန့်မင်ချိန် ဦးဆောင်သော ဗီယက်နမ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကျောက်လေ့ကျိက လွန်ခဲ့သောနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်နှင့်နွမ်ဖူချုံတို့၏ အပြန်အလှန်ခရီးလှည့်လည် ခြင်းသည် တရုတ်-ဗီယက်နမ်ဆက်ဆံရေးတိုးတက်မှုအတွက် စီမံခန့်ခွဲပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဖန့်မင်ချိန်က တရုတ်ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံမှရရှိခဲ့သောအောင်မြင်မှုများကို ထပ်မံထာပနာပြုကြောင်း၊ နှစ်နိုင်ငံပါတီအကြားဆက်ဆံရေးကောင်းမွန်တည်ငြိမ်စွာတိုးတက်ရေးကို တွန်းအားပေးလို ကြောင်းပြောကြားခဲ့သည်။

   Webradio