• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ အတောအတွင်းတွင် ဆီးရီးယား အတိုက်အခံပါတီများသည် ဆိုချီဆွေးနွေးပွဲတွင် ပါဝင်မည် မပါဝင်မည်ကို ဆုံးဖြတ်မည်

(GMT+08:00) 2018-01-26 11:17:19

        ဆီးရီးယားပြဿနာဆိုင်ရာ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲကို ယခုလ ၂၅ ရက်နေ့က သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ကျင်းပခဲ့ရာ ဆီးရီးယားအတိုက်အခံပါတီက ယခုအကြိမ် စေ့စပ်ဆွေးနွေးပွဲကျင်းပစဉ် အတောအတွင်းတွင် ရုရှားနိုင်ငံ ဆိုချီမြို့ကျင်းပတော့မည့် ဆီးရီးယား ပြည်လုံးဆိုင်ရာ ဆွေးနွေးပွဲကို ပါဝင်မည် မပါဝင်မည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲမကျင်းပခင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ဆီးရီးယားအစိုးရနှင့် အတိုက်အခံပါတီ နှစ်ဖက်တို့သည် နှစ်ဖက် တိုက်ရိုက် ဆွေးနွေးပွဲ ပြုလုပ်ရန် ငြင်းပယ်လိုက်ခြင်းကြောင့် ထိုနေ့တွင် ကုလသမဂအတွင်းရေးမှူးချုပ်၏ ဆီးရီးယားပြဿနာဆိုင်ရာ အထူးသံတမန် ဒယ်-မစ္စတူရာသည် နှစ်ဖက်နှင့် အသီးသီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲတွင် ဆီးရီးယား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာများနှင့်ပတ်သက်ပြီး ၂ ရက်ကြာ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

 

   Webradio