• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်၌ တရုတ်နိုင်ငံသား လောင်းကစားမှုကိစ္စနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံရုံး သတင်းစာရှင်းလင်းပွဲ ကျင်းပ

(GMT+08:00) 2018-01-26 11:16:50

        မကြာခင်နှစ်များအတွင်း ဖိလစ်ပိုင်နိုင်ငံ မနီလာအပါအဝင် ဒေသများ တရုတ်ခရီးသည်များ လောင်းကစားမှုပြုလုပ်ပြီး အတိုးကြီးငွေချေးမှုကြောင့် ပြန်ပေးဆွဲခံရပြီး ငွေပြန်ပေးရခြင်းနှင့်ပတ်သက်၍ ယခုလ ၂၅ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် မနီလာမြို့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံသားများ၏ တရားဝင် အကျိုးစီးပွား ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းကို ရှင်းလင်းပြောကြားကာ ဖိလစ်ပိုင်နိုင်ငံရောက် တရုတ်ခရီးသည်များ အတိုးကြီးချေးငွေ လိမ်လည်မှုကို သတိထားပြီး လောင်းကစားမှုမပြုပဲ မိမိရဲ့ တရားဝင် အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန် သတိပေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ဖိလစ်ပိုင်နိုင်ငံအစိုးရထုတ်ပေးသော လိုင်စင်ဖြင့် လောင်းကစားမှုပြုလုပ်သော လောင်းကစားဝိုင်းများရှိကြောင်း၊ ဖိလစ်ပိုင်ဥပဒေအရ လောင်းကစားမှုကြောင့် ကြွေးတင်ခြင်းသည် တရားမမှုဖြစ်ကြောင်း၊ ကြွေးရှင်များသည် အကြမ်းဖက်မှုနှင့် ပြန်ပေးဆွဲမှု စသည့် တရားဥပေဒဖောက်ဖျက်သည့် လုပ်ရပ်ကို အသုံးမပြုဘဲ ဥပဒေနည်းအရ တရားစွဲဆိုရမည်ဖြစ်ကြောင်း သိရပါသည်။

   Webradio