• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လူသားကံကြမ္မာအသိုက်အဝန်းအတွေးအခေါ်သည် ကမ္ဘာ့ဖွံ့ဖြိုးရေးရေစီးကြောင်းနှင့်ကိုက် ညီဟုလျိုကျင့်မြင်ဆို

(GMT+08:00) 2018-01-26 10:54:45

ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ်လျိုကျင့်မြင်သည် မကြာခင်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၁၈ခုနှစ်နှစ်ပတ်လည်အစည်းအဝေးတွင်း ဆင်ဟွာသတင်းထောက်၏မေးမြန်းချက်ကို ဖြေကြားရာတွင် လူသားကံကြမ္မာအသိုက် အဝန်းအတွေးအခေါ်သည် ကမ္ဘာ့ဖွံ့ဖြိုးရေးရေစီးကြောင်းနှင့် ကိုက်ညီသည်ဟုပြောကြား ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

လျိုကျင့်မြင်က တရုတ်ခေါင်းဆောင်သည် ပြီးခဲ့သည့်နှစ်တွင် ဒါဗို့စ်ဖိုရမ်၌ လူသားကံကြမ္မာအသိုက်အဝန်းအတွေးအခေါ်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ တစ်နှစ်အတွင်း ယင်းအတွေးအခေါ်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် မြဲဖြစ်ကြောင်းပြောကြားသည်။

   Webradio