• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ ခုနှစ် တရုတ် ဗဟို လုပ်ငန်းကုမ္ပဏီများ လူမှုရေး တာဝန်ဝတ္တရား စက္ကူပြာစာတမ်း ထုတ်ပြန်

(GMT+08:00) 2018-01-26 10:00:01

တရုတ် နိုင်ငံတော်ကောင်စီ နိုင်ငံတော်ပိုင် ဓနဥစ္စာ ကြီးကြပ် စီမံအုပ်ချုပ်ရေး ကော်မတီ အထွေထွေရေးရာ ဦးစီးဌာနနှင့် တရုတ် လူမှု သိပ္ပံပညာ တံခွန်အသင်းကြီး လုပ်ငန်းကုမ္ပဏီများ၏ လူမှုရေး တာဝန်ဝတ္တရားဆိုင်ရာ သုတေသနဌာနတို့သည် ယခုလ ၂၅ ရက်နေ့က ၂၀၁၇ ခုနှစ် တရုတ် ဗဟို လုပ်ငန်းကုမ္ပဏီများ လူမှုရေး တာဝန်ဝတ္တရား စက္ကူပြာစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယင်းစက္ကူပြာစာတမ်းအရ၊ အမျိုးသား စီးပွါးရေး၏ အရေးကြီး ကျောရိုးမဏ္ဍိုင် အဖြစ်နှင့် ဗဟို လုပ်ငန်းကုမ္ပဏီများသည် ကုန်ထုတ်လုပ်မှု ဖွဲ့စည်းပုံ တိုးမြှင့်ရေး၊ ဖွံ့ဖြိုးမှု စွမ်းအား တိုးမြှင့်ရေး စသည့်နယ်ပယ်များတွင် အစားထိုး မရသော အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ဗဟို လုပ်ငန်းကုမ္ပဏီများ၏ အမြတ်အစွန်း စုစုပေါင်း ဝင်ငွေမှာ ယွမ် ဘီလီယံ ၁၄၀၀ ရှိပြီး ၂၀၁၆ ခုနှစ်ကထက် ၁၅့  ၂ ရာခိုင်နှုန်း တိုးလာကာ ၅ နှစ်အတွင်း အမြင့်ဆုံးပင် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio