• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရုဂွေးသမ္မတသည်၊ ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00) 2018-01-25 16:19:10

    ဒေသစံတော်ချိန် ၂၄ ရက်နေ့က ဥရုဂွေးနိုင်ငံ သမ္မတ ဗယ်ဇ်ကွက်ဇ်သည်၊ သမ္မတရုံးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌၊ ဗယ်ဇ်ကွက်ဇ်က ဥရုဂွေး-တရုတ်သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ် ၃၀ အတွင်း အောင်မြင်မှုများစွာ ရှရှိခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံမှုသည်၊ အကောင်းဆုံး သမိုင်းကာလတွင်တည်ရှိနေပြီး၊ တရုတ်နှင့် ချစ်ခင်ရင်းနှီးသော ပူးပေါင်ဆောင်ရွက်ရေး ဆက်ဆံမှုဖွံ့ဖြိုးရေးသည်၊ ဥရုဂွေး၏ နိုင်ငံရေးသဘောတူညီချက်ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင်၊ ဝမ်ယိသည်၊ ဥရုဂွေးနိုင်ငံခြားရေးဝန်ကြီး နီအင်နှင့် တွေ့ဆုံဆွေးနွေးသည့် အပြင်၊ တရုတ်-ဥရုဂွေးသံအဆက်အသွယ်ထားရှိခဲ့သည့် ၃၀ ပြည့်မြောက်နှစ်ဧည့်ခံပွဲသို့ အတူတက်ရောက်ခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio