• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်အစိုးရ လုပ်ငန်းအစီရင်ခံစာဆိုင်ရာ အကြံဥာဏ်ကောင်းများ ကြားနာ

(GMT+08:00) 2018-01-25 09:22:24

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၂၄ ရက်နေ့က ဆွေးနွေးပွဲကို ခေါ်ယူကျင်းပပြီး ၂၀၁၈ ခုနှစ် အစိုးရလုပ်ငန်း အစီရင်ခံစာအပေါ် ဒီမိုကရေစီ ပါတီများမှ ပုဂ္ဂိုလ်များ၏ အကြေံဥာဏ်ကောင်းများကို ကြားနာခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အရေးကြီး အန္တရာယ်များ ဖြေရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ဆင်းရဲသူများအား တိကျမှန်ကန်စွာ အကူအညီပေးရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေးနှင့် ကြိုတင်ကာကွယ်ရေးတို့သည် လာမည့် သုံးနှစ်အတွင်း တရုတ်ပြည်သူပြည်သားများ အသင့်အတင့် ချမ်းသာသော နေထိုင်မှုဘဝ ရရှိရေးဆိုင်ရာ အဓိက တာဝန်များ ဖြစ်ပြီး ယခု အကြိမ် ဆွေးနွေးပွဲတွင် သက်ဆိုင်ရာတို့သည် အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အဆိုပြုချက်များကို တင်သွင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio