• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်၌ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ လက်မှတ်ရေးထိုးမည်ဟု မြန်မာကြေညာ

(GMT+08:00) 2018-01-24 10:52:21

    မြန်မာအစိုးရနှင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ နှင့်   လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့သည်၊ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်၌ လက်မှတ်ရေးထိုးသွားကြမည်ဟု ယခုလ ၂၃ ရက်နေ့က ကျင်းပသည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင်ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုနေ့က မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး ဥက္ကဋ္ဌ ကြာခွန်ဆာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့သည်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio