• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်က တရုတ်ပြည်ဘက်နှင့် တူညီသော ဦးတည်ချက်ကို စွဲကိုင်ရန် တရုတ်မျှော်လင့်

(GMT+08:00) 2018-01-24 10:38:36

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယဉ်က ဂျပန်ဘက်အနေနှင့် တရုတ်ပြည်ဘက်နှင့် တူညီသော ဦးတည်ချက်ကို စွဲကိုင်ပြီး တရုတ်-ဂျပန် ဆက်ဆံမှု ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ယခုလ ၂၃ ရက်နေ့က ပီကင်းမြို့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယခုလ ၂၂ ရက်နေ့က အောက်လွှတ်တော်အစိုးရစီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒ လမ်းညွန်ချက်များကို ထုတ်ပြန်ခဲ့ရာ ဂျပန်-တရုတ် ဆက်ဆံမှု ကောင်းမွန်စေလိုပါကြောင်း၊ မိမိသည် တရုတ်ပြည်နှင့် တည်ငြိမ်သော ချစ်ကြည်ရေးရရှိအောင် ရှာကြံပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ အမြန်ဆုံး အပြန်အလှန် ခရီးလှည့်လည်ကာ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးဘက်တွင် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။

   Webradio