• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအစီအစဉ်ကို ပါလက်စတိုင်းအား အခြေခံပြီး မူတည်မည်ဟု ကန်ဆို

(GMT+08:00) 2018-01-24 10:38:10

        အစ္စရေးနိုင်ငံ အလည်အပတ် ရောက်ရှိနေသော အမေရိကန် ဒုသမ္မတ ပိန့်စ်က အမေရိကန်နိုင်ငံ၏ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ပြန်ချိန်သည် ပါလက်စတိုင်းဘက်ကို အခြေခံပြီး မူတည်မည်ဖြစ်ကြောင်း ယခုလ ၂၃ ရက်နေ့က မီဒီယာများအား ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ပိန့်စ်က အမေရိကန်နိုင်ငံသည် သက်ဆိုင်ရာ နိုင်ငံများနှင့် အမြဲတမ်း ဆက်ဆံနေပြီး ငြိမ်းချမ်းရေးမူဘောင် တည်ထောင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ သို့သော် ယင်းသည် ပါလက်စတိုင်းနိုင်ငံ စေ့စပ်ဆွေးနွေးပွဲသို့ ပြန်လည် ပါဝင်ရန် အချိန်ပေါ်မှာ မူတည်မည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio