• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၄၈ ကြိမ်မြောက် ကမ္ဘာ့ စီးပွါးရေးဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2018-01-24 09:54:56

၄၈ ကြိမ်မြောက် ကမ္ဘာ့ စီးပွါးရေးဖိုရမ် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ဆွစ်ဇာလန် နိုင်ငံ ဒါဗို့စ်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ကမ္ဘာ့ စီးပွါးရေးဖိုရမ် ရှေ့ဆောင်ပုဂ္ဂိုလ်နှင့် အမှုဆောင် ဥက္ကဋ္ဌ ချီဝါဘ်သည် အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး အိန္ဒိယ ဝန်ကြီးချုပ် မော်ဒီက အဖွင့်မိန့်ခွန်း ပြောကြားရန်လည်း ဖိတ်ကြားခဲ့ကြောင်း၊ ယခုနှစ် ဖိုရမ်၏ ဆောင်ပုဒ်သည် ခြားနားသော ကမ္ဘာကြီး၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း ဖြစ်ပြီး ယင်းဆောင်ပုဒ်သည် လွန်ခဲ့သည့်နှစ်က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ကမ္ဘာ့စီးပွါးရေးဖိုရမ်နှင့် ကုလသမဂ္ဂ ဂျနီဗာ ဌာနချုပ်ရုံး၏ ပြောကြားခဲ့သော မိန့်ခွန်းကို ဆက်ခံခြင်းပင် ဖြစ်သည်ဟု အစည်းအဝေး တက်ရောက်သူများက တညီတညွတ်တည်း ယူဆကြပါကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် ဒါဗို့စ်ဖိုရမ်၏ အစည်းအဝေး ၄၀၀ ကျော်တွင် စီးပွါးရေး ဆက်တိုက် ဖွံ့ဖြိုးရေး၊ မတူခြားနားသော အတွေးအခေါ်များကို ရင်ဆိုင်ခြင်း၊ အင်အား မျိုးစုံ တည်ရှိ နေသော ကမ္ဘာကြီး၊ လူမှုရေးဆိုင်ရာ သဘောကွဲလွဲမှုများ ပပျောက်စေရေးနှင့် ပျော့ပျောင်းသော စီမံခန့်ခွဲရေးစနစ် စသည့် အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော် အကြီးအကဲ သို့မဟုတ် အစိုးရ ခေါင်းဆောင် ၇၀ ဦး၊ အရေးကြီး နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ် ၃၈ ဦးနှင့် လုပ်ငန်းကုမ္ပဏီမှ ကိုယ်စားလှယ် ထောင်ပေါင်းများစွာတို့သည် ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio