• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

AIIBမှ ရင်းနှီးမြှပ်နှံပေးသောဖိလစ်ပိုင်အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းသည် အဆင်ပြေနေသည်ဟု ဖိလစ်ပိုင်အရာရှိဆို

(GMT+08:00) 2018-01-23 16:15:58

ဖိလစ်ပိုင်ဘတ်ဂျက်နှင့်စီမံအုပ်ချုပ်ရေးဝန်ကြီးဌါနဝန်ကြီး ဘန်ဟာမင် ဒီအိုက်နိုက အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB)သည် မနီလာမြို့၏ ရေဘေးကာကွယ်ရေးလုပ်ငန်းအတွက် ငွေကြေးထောက်ပံ့မှုပေးခြင်းအတွက် ဝမ်းသာမိကြောင်း၊ ယင်းမှာ ဖိလစ်ပိုင်နိုင်ငံ၏ အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းအတွက် အလွန်အရေးကြီးပါကြောင်း မကြာမီက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

ဆက်လက်ပြီး ၄င်းက အဆိုပါမနီလာရေဘေးကာကွယ်ရေးလုပ်ငန်းကိုစတင်တည်ဆောက်တော့မည်ဖြစ်ပြီး AIIB၏ အမေရိကန်ဒေါ်လာ ၂၀၇၆သိန်းရှိသည့် ရင်းနှီးငေသည် ဖိလစ်ပိုင်နိုင်ငံ၏ အခြေခံတည်ဆောက်ရေးလုပ်ငန်း ချောမောစွာလုပ်ဆောင်နိုင်ရန်အာမခံပေးနေကြောင်း ပြောကြားသည်ဟု သတင်းရရှိပါသည်။

   Webradio