• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားမြို့တော်ကားဂိတ်တစ်ခုတွင် အမြောက်တိုက်ခိုက်မှုခံ

(GMT+08:00) 2018-01-23 13:33:49

 ဆီးရီးယားမြို့တော်ဒမ္မစကတ်အရှေ့ပိုင်းရှိ ကားဂိတ်တစ်ခုတွင် ယမန်နေ့ ၂၂ ရက်နေ့က အမြောက်တိုက်ခိုက်မှုခံခဲ့ရာ သာမန်အရပ်သူအရပ်သား ၉ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယားသတင်းဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်း အရသိရသည်။

      ဒမ္မစကတ်အရှေ့ပိုင်းဆင်ခြေဖုံးရှိ အရှေ့ဂူတာဒေသမှ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့သည် ယမန်နေ့ ၂၂ ရက်နေ့က မြို့တော်အရှေ့ပိုင်းသို့ အမြောက်ဖြင့် ပစ်လွှတ် ခဲ့ရာ ကားဂိတ်ကို ထိမိခဲ့သောကြောင့် လူ ၉ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟုဒမ္မစကတ်ရဲဌာနချုပ်မှ သတင်းအရသိရသည်။

   Webradio