• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မေလ၁၂ရက်နေ့ လွှတ်တော်ရွေးကောက်ပွဲကျင်းပရန်အီရတ်သမ္မတခွင့်ပြု

(GMT+08:00) 2018-01-23 13:32:44

     အီရတ်သမ္မတဖူအာဒ် မာစူမ်သည် လာမည့်မေလ ၁၂ ရက်နေ့တွင် အသစ်တစ်ကြိမ် လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပရန် ယမန်နေ့ ၂၂ ရက်နေ့က ခွင့်ပြုလိုက်သည်ဟုဆင် ဟွာသတင်းအရသိရသည်။

အီရတ်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်၏တာဝန်သက်တမ်းမှာ ၄ နှစ်ဖြစ်သည်။ လွှတ်တော်ရွေးကောက်ပွဲကျင်းပသည့်အချိန်ကို အစိုးရနှင့် သီးသန့်ရွေးကောက်ပွဲ ကျင်းပရေးကော်မတီတို့ညှိနှိုင်းပြီး လွှတ်တော်မှအတည်ပြုပြီးနောက် သမ္မတကခွင့်ပြုရခြင်း ဖြစ်သည် ဟုသိရသည်။

   Webradio