• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ ခုနှစ် တရုတ်ပြည် ပင်လယ်ဆိုင်ရာ ကုန်ထုတ်လုပ်မှု ပမာဏမှာ ယွမ် ဘီလီယံ ၇၈၀၀ ကျော်ရှိ

(GMT+08:00) 2018-01-23 09:28:34

တရုတ် နိုင်ငံတော် ပင်လယ်ရေးရာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က၊ ပဏာမ စာရင်း အရ ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည် ပင်လယ်ဆိုင်ရာ ကုန်ထုတ်လုပ်မှု စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၇၈၀၀ ကျော် ရှိပြီး ဂျီဒီပီ စုစုပေါင်း ပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်း ပြောကြားပါသည်။

ပင်လယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဝမ်ဟုန်က၊ ပင်လယ်ရေးရာ စီမံအုပ်ချုပ်မှုကို တိုးမြှင့်ရန်အတွက် လွန်ခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသည် ပထမဆုံး အကြိမ် အဖြစ် ပင်လယ် ကြပ်မတ်ရေးလုပ်ငန်းကို လျာထားသည့်အချိန် အတိုင်း ပြီးမြောက်အောင် ဖေါ်ဆောင်နိုင်ခဲ့ကြောင်း၊ ပင်လယ် ရေညစ်ညမ်းမှုကို ပြုပြင်နိုင်ရန်အတွက် ပထမဆုံးအကြိမ် အဖြစ် တစ်ပြည်လုံးရှိ ပင်လယ်သို့ ရေဆိုးထုတ်သည့် နေရာများ စုံစမ်းစစ်ဆေးမှုလုပ်ငန်းကို ဘက်စုံ ပြီးမြောက်အောင် ဆောင်ရွက် ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio