• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၄၈ ကြိမ်မြောက် ကမ္ဘာ့စီးပွါးရေးဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ၂၃ ရက်နေ့တွင် ဖွင့်လှစ်

(GMT+08:00) 2018-01-23 09:24:32

၄၈ ကြိမ်မြောက် ကမ္ဘာ့ စီးပွါးရေးဖိုရမ် နှစ်ပတ်လည် အစည်းအဝေးကို ဒေသ စံတော်ချိန် ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဆွစ်ဇာလန် နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ ယခုနှစ် ဖိုရမ်၏ ဆောင်ပုဒ်သည် ခြားနားသော ကမ္ဘာကြီး၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် ဒါဗို့စ်ဖိုရမ်၏ အစည်းအဝေး ၄၀၀ ကျော်တွင် စီးပွါးရေး ဆက်တိုက် ဖွံ့ဖြိုးရေး၊ မတူခြားနားသော အတွေးအခေါ်များကို ရင်ဆိုင်ခြင်း၊ အင်အား မျိုးစုံ တည်ရှိ နေသော ကမ္ဘာကြီး၊ လူမှုရေးဆိုင်ရာ သဘောကွဲလွဲမှုများ ပပျောက်စေရေးနှင့် ပျော့ပြောင်းသော စီမံခန့်ခွဲရေးစနစ် စသည့် အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော် အကြီးအကဲ သို့မဟုတ် အစိုးရ ခေါင်းဆောင် ၇၀ ဦးနှင့် အရေးကြီး နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ် ၃၈ ဦးတို့သည် ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio