• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် စီးပွားရေး အရည်အသွေးနှင့် ဖွဲ့စည်းပုံသည် သိသာထင်ရှားစွာ ကောင်းမွန်လာ

(GMT+08:00) 2018-01-22 15:36:04

တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်သည် ယခုလ ၂၂ရက်နေ့က မက္ကရို စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းသတင်းစာ ရှင်းလင်းပွဲတွင် တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ယန်ဖုန်ချင်က ၂၀၁၇ခုနှစ်တွင် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်သည် မူလလျာထားချက်ထက် ပိုမြင့်ကြောင်း၊ စီးပွားရေး တိုးတက်မှု အရည်အသွေး၊ အကျိုးစွမ်းဆောင်မှု သိသာထင်ရှားစွာ တိုးမြင့်လာပြီး စီးပွားရေး ဖွဲ့စည်းပုံလည်း တရားနည်းလမ်းကျလာကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းက သက်ဆိုင်ရာ အစိုးရ လုပ်ငန်းဌာနများသည် တရုတ် ကုမ္ပဏီများအား ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အားဖြည့် အားပေးထောက်ခံမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံရေး ပုံစံကို ဆန်းသစ်တီထွင်ရန်လည်း အားပေးထောက်ခံမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio