• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွမ်ကျိုးမှ စီဘူသို့ လေကြောင်းလိုင်း တရုတ်အရှေ့တိုင်းလေကြောင်းကုမ္ပဏီဖွင့်ပေး

(GMT+08:00) 2018-01-22 14:10:34

     တရုတ်အရှေ့တိုင်းလေကြောင်းကုမ္ပဏီသည် ယခုလ ၂၀ ရက်နေ့က ကွမ်ကျိုးမှ ဖိလစ်ပိုင်နိုင်ငံစီဘူ သို့ အသွားအပြန်နိုင်ငံတကာလေကြောင်းလိုင်း စတင်ပျံသန်းခဲ့သည်။ ယင်းသည် ၂၀၁၈ ခုနှစ် ကွမ်ကျိုးပိုင်ယွင်လေဆိပ်မှ ဖွင့်လှစ်ခဲ့သော ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဖြစ်သည်။

     စီဘူသည် ဖိလစ်ပိုင်နိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ကြီးဖြစ်ပြီး အဓိကဆိပ်ကမ်းနှင့် စီးပွားရေးဗဟိုချက်မနေရာဖြစ်ကာ  လမ်းပန်းဆက်သွယ်ရေးအဆင်ပြေ၍ ပင်လယ်ကျွန်း ခရီးသွားအရင်းအမြစ် ကြွယ်ဝသည်ဟုတရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

   Webradio