• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားမြောက်ပိုင်းဒေသ၌ တူရကီ စစ်ဆင်

(GMT+08:00) 2018-01-22 10:56:57

        တူရကီဝန်ကြီးချုပ် ယီလ်ဒယ်ရီမ်က တူရကီတပ်ဖွဲ့သည် ယခုလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဆီးရီးယား နယ်စပ်ဒေသသို့ ဝင်ရောက်ပြီး ဆီးရီးယား မြောက်ပိုင်းဒေသရှိ အယ်ဖရင်မြို့မြေပြင် စစ်ဆင်ရေး စတင် ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း ၂၁ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုနေ့တွင်ပင် တူရကီနှင့် ဆီးရီးယား နှစ်နိုင်ငံ နယ်စပ်ဒေသရှိ တူရကီနိုင်ငံ ရေဟန်လီမြို့ဒုံးကျည်တိုက်ခိုက်မှုခံခဲ့ရသဖြင့် လူ ၁ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio