• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လမ်ဆန်-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအောင်မြင်မှုပြပွဲ ကျင်းပပြီးစီး

(GMT+08:00) 2018-01-22 10:28:58

     လမ်ဆန်-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအောင်မြင်မှုပြပွဲကို ယခုလ ၂၀ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ ကျင်းပပြီးစီးခဲ့သည်။ ယင်းပြပွဲ၌် လမ်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစနစ်တည်ထောင်ခဲ့ပြီးနောက်တွင် ရရှိခဲ့သည့် အရေးကြီးအောင်မြင် မှုများကို အဓိက ပြသပြီး၊ ကမ္ဘောဒီးယားအရာရှိ၊ ပညာရှင်၊ ကျောင်းသူကျောင်းသားနှင့် ဒေသခံပြည်သူများအပါအဝင် လူ ၁၅၀၀၀ ခန့် သွားရောက်ကြည့်ရှုခဲ့ကြကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ကမ္ဘေားဒီးယားအစိုးရမှ ပြောရေးဆိုခွင့်ရှိသူ ပယ်ဆီပန်က ပိုမိုများပြာသော ကမ္ဘေားဒီးယားပြည်သူများအနေနှင့် လမ်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစနစ်နှင့် အောင်မြင်မှုများကို သိရှိနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။

   Webradio