• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် စီးပွါးရေး ကဏ္ဍစုံ ပုံမှန် တိုးတက်လာနေ

(GMT+08:00) 2018-01-22 09:34:02

လွန်ခဲ့သည့်နှစ်တွင် ရုပ်ထွေးပွေလီသော ပြည်တွင်းပြည်ပ စီးပွါးရေး အခြေအနေကို ရင်ဆိုင်လျက် တရုတ်ပြည်၏ ဂျီဒီပီမှာ ၂၀၁၆ ခုနှစ်ကထက် ၆့ ၉ ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းသည် ၇ နှစ်အတွင် ပထမဆုံးအကြိမ် ဂျီဒီပီ တိုးနှုန်း တိုးမြှင့်လာခြင်း ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် စီးပွါးရေး စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၈ သောင်း ကျော်ပြီး ယွမ် ဘီလီယံ ၈၂၇၀၀ အထိ ရှိခဲ့ကြောင်း၊ ကျွမ်းကျင်ပညာရှင်များက၊ ယခု တရုတ်ပြည် စီးပွါးရေးမှာ ကဏ္ဍစုံ ပုံမှန် တိုးတက်လာနေပြီး စီးပွါးရေး ဖွဲ့စည်းပုံမှာ အဆက်မပြတ် တိုးတက် ကောင်းမွန်လာနေသည်ဟု သုံးသပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

တရုတ် အစိုးရက မကြာမီက ထုတ်ပြန်သော စာရင်းအရ၊ လွန်ခဲ့သည့်နှစ်တွင် တရုတ်ပြည် ငွေကြေးဖေါင်းပွမှုနှုန်းမှာ ၁့ ၆ ရာခိုင်နှုန်း ရှိကြောင်း၊ မြို့ပြ အလုပ်အကိုင် နေရာသစ်မှာ ၁၃ သန်းကျော် တိုးလာကြောင်း၊ ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ နိုင်ငံတော်၏ အရန် နိုင်ငံခြားငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၁၄၀ နီးပါး ရှိပြီ ဖြစ်ကြောင်း သိရပါသည်။

    တရုတ် ဗဟို စီးပွါးရေးလုပ်ငန်း အစည်းအဝေးတွင်၊ တရုတ်ပြည် စီးပွါးရေးမှာ မြန်နှုန်းမြင့် တိုးတက်ရေး အဆင့်ကာလမှ အရည်အသွေးမြင့်မားစွာ တိုးတက်ရေး အဆင့်ကာလသို့ ပြောင်းလဲပြီ ဖြစ်ကြောင်း သတ်မှတ်ထားပါသည်။

   Webradio