• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြေထဲပင်လယ်နိုင်ငံများ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာကို လက်တွဲ ရင်ဆိုင်ဖြေရှင်းရန် အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ပန်ကြား

(GMT+08:00) 2018-01-22 09:27:08

အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီး မယ်စာဟယ်လ်က၊ မြေထဲပင်လယ် နိုင်ငံများ အနေနှင့် အခြားနိုင်ငံသို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာကို လက်တွဲ ရင်ဆိုင် ဖြေရှင်းရန် အားဖြည့်ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ယခုလ ၂၁ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

၂၁ ရက်နေ့က အနောက် မြေထဲပင်လယ် ၁၀ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အပြီးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ၄င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio