• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျေရုဆလင် အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် နယ်နိမိတ် ပြဿနာအပေါ် ရပ်တည်ချက် မထားဟု ကန် ဆို

(GMT+08:00) 2018-01-22 09:25:10

အမေရိကန် နိုင်ငံ သမ္မတ ထရန့်သည် မော်ရိုကိုနိုင်ငံ ဘုရင် ဆဌမမြောက် မူဟာမက်အား ရေးပေးသော ပြန်စာတွင်၊ ဂျေရုဆလင် အချုပ်အခြာအာဏာပိုင်ခွင့် ပြဿနာကို စေ့စပ်ဆွေးနွေးသော နည်းလမ်းဖြင့် ဆုံးဖြတ်မည် ဖြစ်ပြီး အမေရိကန်သည် ဂျေရုဆလင်၏ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် နယ်နိမိတ် ပြဿနာ အပေါ် ရပ်တည်ချက် မထားပါကြောင်း ရေးသားထားသည်ဟု မော်ရိုကို အစိုးရ သတင်းဌာနမှ ယခုလ ၂၀ ရက်နေ့က သတင်းကို ကိုးကား၍ ဆင်ဟွာ သတင်းတွင် ဖေါ်ပြထားပါသည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ထရန့်သည် ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော် အဖြစ် အသိအမှတ် ပြုသည်ဟု ကြေညာခဲ့ကြောင်း သိရပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio