• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်မြောက်ကိုးရီးယား တဆင့်တိုး ဆွေးနွေးပွဲ ပြုလုပ်ရန်ကို တရုတ် အားပေး

(GMT+08:00) 2018-01-19 09:41:21

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ မကြာမီက တောင်မြောက်ကိုးရီးယားတို့သည် ပျုံချမ် ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရရှိခြင်းနှင့် တဆင့်တိုး ဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း ဖေါ်ပြကြခြင်း တို့သည် ကိုးရီးယား ကျွန်းဆွယ် အခြေအနေ လျော့ပါးလာစေကြောင်း၊ ယင်းအပေါ် မိမိတို့ အားပေး ထောက်ခံပါကြောင်း ယခုလ ၁၈ ရက်နေ့က ပီကင်း၌ ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio