• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ ခုနှစ် တရုတ်ပြည် ဂျီဒီပီ ၆့ ၉ ရာခိုင်နှုန်း တိုးလာ

(GMT+08:00) 2018-01-19 09:39:43

တရုတ် နိုင်ငံတော် စာရင်းအင်း ဦးစီးဌာနမှ ယခုလ ၁၈ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ၊ ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည် ဂျီဒီပီ ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၈၂၇၀၀၀ ခန့် ရှိပြီး လွန်ခဲ့သည့်နှစ်ကထက် ၆့ ၉ ရာခိုင်နှုန်း တိုးလာကြောင်း သတင်းရရှိပါသည်။

တရုတ် နိုင်ငံတော် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နင်ဂျီကျေက၊ လွန်ခဲ့သည့်တစ်နှစ်အတွင်း တရုတ်ပြည် စီးပွါးရေးမှာ ပုံမှန် လည်ပတ်လာပြီး လျာထားသည်ထက် ကောင်းမွန်ပါကြောင်း၊ အနာဂတ်တွင် စီးပွါးရေး အရည်အသွေး မြင့်မားစွာ တိုးတက်အောင် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

နင်ဂျီကျေက၊ လွန်ခဲ့သည့်နှစ်တွင် တရုတ်ပြည် ပို့ကုန် တိုးတက်နှုန်းမှာ ၁၀့ ၈ ရာခိုင်နှုန်း ဖြစ်ပြီး သွင်းကုန် ပမာဏသည်လည်း ၂၀ ရာခိုင်နှုန်းခန့် တိုးလာကြောင်း၊ နိုင်ငံတကာ စီးပွါးရေး တိုးတက်မှု အပေါ် တရုတ်ပြည်၏ အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့် ရှိကြောင်း ပြောကြားပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio