• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ဆော့ဖ်ဝဲယား ထုတ်လုပ် နိုင်စွမ်း တိုးလာ

(GMT+08:00) 2018-01-18 12:41:59

၂၀၁၈ ခုနှစ် တရုတ်ပြည် ဆော့ဖ်ဝဲယား ထုတ်လုပ်ရေး နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၁၇ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

တရုတ် စက်မှုနှင့် ဆက်သွယ်ရေးလုပ်ငန်း ဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက၊ ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည် ဆော့ဖ်ဝဲယား ထုတ်လုပ်မှု အတိုင်းအတာမှာ ယွမ်ငွေ ဘီလီယံ ၅ ထောင်ကျော် ရှိပြီ ဖြစ်ကြောင်း၊ အနာဂတ်တွင် ဆန်းသစ်တီထွင်မှုကို တွန်းအား ပေးမည် ဖြစ်ပြီး ခေတ်သစ်တွင် ဆော့ဖ်ဝဲယားလုပ်ငန်း အရည်အသွေး ကောင်းမွန်စွာ တိုးတက်လာအောင် တိုးမြှင့်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

 ၂၀၀၀ ပြည့်နှစ်တွင် တရုတ်ပြည် ဆော့ဖ်ဝဲယား ထုတ်လုပ်ရေး လုပ်ငန်း တစ်ခုလုံး၏ အတိုင်းအတာမှာ ယွမ် ၅၈့ ၆ ဘီလီယံ ရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ယွမ် ဘီလီယံ ၅ ထောင် ရှိကာ ၂၀၁၆ ခုနှစ်ကထက် ၁၄့ ၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဆော့ဖ်ဝဲယားနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ဆောင်မှုလုပ်ငန်းသည် သတင်းအချက်အလက် နည်းပညာလုပ်ငန်း စုစုပေါင်းပမာဏ၏ ၂၈့ ၈ ရာခိုင်နှုန်းအထိ တိုးလာပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio