• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် နိုင်ငံတကာ စီးပွါးရေးအတွက် ပလက်ဖေါင်း ဖန်တီးပေး

(GMT+08:00) 2018-01-18 12:39:29

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးဌာန အတွင်းရေးမှူးချုပ် ယန်ယဲန့်ယဲန့်က၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် နိုင်ငံတကာ ကုန်စည်ပြပွဲ ပလက်ဖေါင်း အဆင့်မြှင့်တင်ရေး လုပ်ငန်းကို လုပ်ဆောင်နေကြောင်း၊ Belt and Road တဝှမ်းမှ နိုင်ငံများအတွက် ပိုမိုပြည့်စုံကောင်းမွန်သော စီးပွါးကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ပလက်ဖေါင်းကို ဖန်တီးပေးနေကြောင်း ယခုလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ Belt and Road အဓိက နိုင်ငံများ မိတ်ဆက်ပွဲကို ၁၇ ရက်နေ့ ညနေပိုင်းက တရုတ်ပြည် ကွမ်ကျိုးမြို့၌ ကျင်းပခဲ့ကြောင်း သိရပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio